Fukushima အမှတ် (၁) စက်ရုံအတွက် ၁၆ မီတာမြင့်တဲ့ လှိုင်းကာနံရံ တည်ဆောက်မယ်
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း Fukushima ခရိုင်မှာရှိတဲ့ ထိခိုက်ပျက်စီးနေတဲ့ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီက အနာဂတ်မှာ မြေငလျင်ကြောင့် ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ ပင်လယ်လှိုင်း ရိုက်ခတ်မှုဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် ပိုမိုမြင့်မားတဲ့ ပင်လယ်လှိုင်းကာ နံရံကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။