တိုကျို ပါရာလင်းပစ်အားကစားပွဲတွေ နောက်ထပ် ၁ နှစ် အခက်အခဲ ရင်ဆိုင်ရဦးမည်
တာကာဒါချိအာကိ (Takada Chiaki) လို ပါရာလင်းပစ် အားကစားသမားတွေဟာ မကြုံစဖူး ပြည်သူ့ကျန်းမာရေး အကျပ်အတည်းတွေဖြစ်နေတဲ့ ကာလအတွင်းမှာ လေ့ကျင့်မှုတွေလုပ်တဲ့အခါ အထူးစိုးရိမ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမြင်အာရုံချို့တဲ့ တဲ့ အမြင့်ခုန်အားကစားသမားဖြစ်တဲ့ တာကာဒါချိအာကိ ဟာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ချန်ပီယံပွဲတွေမှာ ဂျပန့်စံချိန်ကို ချိုးနိုင်ခဲ့ပြီးနောက် တိုကျိုအားကစားပွဲတွေအတွက် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။