ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှော့ချရေး ဆွေးနွေးဖို့ ဂျပန် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး ညွှန်ကြား
ဂျပန် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး ခါဂျိယာမ ဟီရိုးရှီ (Kajiyama Hiroshi) က သူ့ရဲ့ ဝန်ကြီးဌာနမှာ ထိရောက်မှု မရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တစ်ဆင့်ချင်း ဖျက်သိမ်းရေး လမ်းပြမြေပုံတစ်ခုကို မကြာခင် စတင် ရေးဆွဲဖို့ သူ့အနေနဲ့ ညွှန်ကြားထားတယ်လို့ ပြောလိုက်ပါတယ်။