ဂျပန်ရဲ့တက္ကသိုလ်
ပညာရေးကိုအဓိကဦးစားပေးတဲ့ နိုင်ငံဖြစ်တာကြောင့် နာမည်ကြီးတက္ကသိုလ်မှာ တက်ရောက်ခွင့် ရဖို့ အထက်တန်းမှာကတည်းက စာသေချာကြိုးစား သင်ကြရပါတယ်။ ဂျပန်နိုင်ငံအတွင်း အမျိုးသားတက္ကသိုလ်များ၊ ပြည်သူ့တက္ကသိုလ်များ၊ပုဂ္ဂလိကတက္ကသိုလ်များ၊ ဂျပန်တက္ကသိုလ်များ၊ နိုင်ငံတော်နှင့်စီရင်စုအစိုးရတွေက အုပ်ချုပ်သော အမျိုးသားတက္ကသိုလ်များနှင့်ပြည်သူ့တက္ကသိုလ်များ၊ ကျောင်းကော်ပိုရေးရှင်းများမှ ဖွင့်လှစ်ထားသောပုဂ္ဂလိကတက္ကသိုလ်များ တို့ ရှိပါသည်။ တစ်ချိုကျောင်းများမှာ ကိုယ်ပိုင်အထက်တန်းကျောင်းများ ဖြစ်ကြပြီး အထက်ကျောင်းပြီးတာနဲ့ တစ်ခါတည်း တက္ကသိုလ်ဝင်ခွင့်ဖြေဆိုအောင်မြင်ပြီးတက္ကသိုလ်တက်ရောက်ခွင့်ရနိုင်မှာဖြစ်ပါတယ်။