Weathering with my thoughts
အပြင်မှာ မိုးရွာနေပါတယ်။ ဆောင်းတွင်းဝင်တော့မှာမို့ ဒေဝေါက သူ့သားသမီးတွေကို ပြန်လိုက်ခေါ်နေတယ်လို့ အခုလိုလတွေမှာ မိုးချိမ်းတဲ့အခါ မိခင်ဖြစ်သူက ပြောလေ့ရှိတယ်။ စောင်ခြုံပြီး အနာဂတ် အကြောင်း တွေးဖို့ထက် မျှော်လင့်ချက်မဲ့အခြေအနေကို လှမ်းငေးနေမိရင် Makoto Shinkai ရဲ့ Weathering With You အကြောင်း တွေးမိခဲ့ပါတော့တယ်။