ဂျပန့်စားသုံးသူစျေးနှုန်းတွေဟာ ဧပြီလမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်း

May 23, 2021 at 1:30 PM

ဂျပန့်စားသုံးသူစျေးနှုန်းအညွှန်းကိန်းဟာ ဧပြီလမှာ ပြီးခဲ့တဲ့နှစ်ကထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉လဆက်တိုက် ကျဆင်းခဲ့ပါတယ်။

အစိုးရရဲ့ တိုက်တွန်းချက်အရ ဖုန်းကုမ္ပဏီတွေဟာ စျေးနှုန်းသက်သာတဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှု အစီအစဉ်တွေကို စတင်ရောင်းချတာဟာ အခုလို အညွှန်းကိန်းကျဆင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆက်သွယ်ရေး ဝန်ဆောင်ခတွေဟာ ၂၆.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဝန်ဆောင်ခတွေကို နှိုင်းယှဥ် လေ့လာတဲ့ အချက်အလက်ဒေတာတွေ ၂၀၀၁ခုနှစ်က စတင် ကောက်ယူ ခဲ့ပြီးနောက်ပိုင်း အများဆုံး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဝန်ဆောင်ခ ကျဆင်း တာဟာ စားသုံးသူစျေးနှုန်းတွေကို ခဏလောက်ဆက်ပြီး ကျဆင်း စေနိုင်ဖွယ်ရှိတယ်လို့ အဲဒီဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။
ရေနံစိမ်းစျေးနှုန်းတက်တာကြောင့် ဓာတ်ဆီစျေး ၁၃.၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ တည်းခိုစရိတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ဧပြီလက အကြီးအကျယ်ကျဆင်းခဲ့ရာကနေ ၃.၁ ရာခိုင်နှုန်း ပြန်တက်လာခဲ့ပါတယ်။