ကပ်ရောဂါပြန့်ပွား နေစဉ်အတွင်း တရားမဝင် အချိန်ပိုင်းအလုပ် တွေ ရှိ

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နေတဲ့ အတောအတွင်း တိုးပွားလာနေတဲ့ အလုပ်လက်မဲ့နဲ့ အလုပ်ပြုတ်နိုင်ဖွယ် ရှိသူတွေ ဟာ လူမှုကွန်ရက်တွေကနေ တရားမဝင် အလုပ် ကမ်းလှမ်းစာတွေကို လက်ခံ ရရှိနေပါတယ်။

ဧပြီလ ၆ရက်နေ့အထိ အကြမ်းဖျင်း ၂လအတွင်းမှာ လူပေါင်း ၁၄၇၃ ဦးဟာ အလုပ်မရှိတော့တာ ဒါမှမဟုတ် အလုပ်ပြုတ်နိုင်ဖွယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။ကုမ္ပဏီတွေရဲ့ အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာတာ ဟာလည်း အကြောင်းပြချက် တစ်ခု ဖြစ်တယ်လို့ အဲဒီ ဝန်ကြီးဌာနက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အလုပ်လက်မဲ့ အများစုဟာ တွစ်တာ (Twitter) ဒါမှမဟုတ် တခြား လူမှုကွန်ရက်တွေကို အသုံးပြုပြီး အလုပ်ရှာ ခဲ့ကြပါတယ်။အလုပ်ရှာသူတွေထဲက တချို့ဟာ တယ်လီဖုန်း ဒါမှမဟုတ် တခြား နည်းလမ်းတွေနဲ့ ငွေ တွေကို လိမ်ညာ ယူတဲ့ အလုပ်တွေလိုမျိုး ရာဇဝတ်သားတွေက လူတွေဆီကနေ လိမ်လည်တဲ့ တရားမဝင်အလုပ်တွေအတွက် ကမ်းလှမ်းစာတွေ ရရှိ ခဲ့ပါတယ်။ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အသက် ၂၆နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ အလုပ်ရှာဖို့ တွစ်တာကို သုံးခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ အလုပ် ကမ်းလှမ်းစာ ၁၀စောင်လောက် ရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ ကမ်းလှမ်းစာတွေ အားလုံးဟာ တယ်လီဖုန်းသုံးပြီး ငွေလိမ်ညာတဲ့ အလုပ်တွေနဲ့ ဆက်နွယ်နေတဲ့ တရားမဝင် အလုပ်မျိုးတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။အိမ်မှာနေဖို့ လိုအပ်ပေမယ့် အလုပ် အသည်းအသန်လိုနေသူတွေဟာ လူမှုကွန်ရက်က တစ်ဆင့် အလုပ်ရှာလေ့ ရှိတယ်လို့ ကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။ ဒီလို ကိစ္စတွေကို သီးခြား စောင့်ကြည့်မှု မရှိတာကြောင့် အဲဒီလူတွေဟာ တရားမဝင် အလုပ်တွေရဲ့ သွေးဆောင် ဖြားယောင်းမှုကို ခံရနိုင်တယ်လို့ အဲဒီ ကျွမ်းကျင်ပညာရှင်က သတိပေးပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

လုပ်ငန်းခွင်

ဂျပန့်စားသုံးသူစျေးနှုန်းတွေဟာ ဧပြီလမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်း

ဂျပန့်စားသုံးသူစျေးနှုန်းအညွှန်းကိန်းဟာ ဧပြီလမှာ ပြီးခဲ့တဲ့နှစ်ကထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉လဆက်တိုက် ကျဆင်းခဲ့ပါတယ်။ အစိုးရရဲ့ တိုက်တွန်းချက်အရ ဖုန်းကုမ္ပဏီတွေဟာ စျေးနှုန်းသက်သာတဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှု အစီအစဉ်တွေကို စတင်ရောင်းချတာဟာ အခုလို အညွှန်းကိန်းကျဆင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆက်သွယ်ရေး ဝန်ဆောင်ခတွေဟာ ၂၆.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဝန်ဆောင်ခတွေကို နှိုင်းယှဥ် လေ့လာတဲ့ အချက်အလက်ဒေတာတွေ ၂၀၀၁ခုနှစ်က စတင် ကောက်ယူ ခဲ့ပြီးနောက်ပိုင်း အများဆုံး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဝန်ဆောင်ခ ကျဆင်း တာဟာ စားသုံးသူစျေးနှုန်းတွေကို ခဏလောက်ဆက်ပြီး ကျဆင်း စေနိုင်ဖွယ်ရှိတယ်လို့ အဲဒီဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။ရေနံစိမ်းစျေးနှုန်းတက်တာကြောင့် ဓာတ်ဆီစျေး ၁၃.၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ တည်းခိုစရိတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ဧပြီလက အကြီးအကျယ်ကျဆင်းခဲ့ရာကနေ […]

Read More
လုပ်ငန်းခွင်

Japanese Paid Holiday-Vacation

လစာမဖြတ်ပဲ ရရှိမဲ့ခွင့်ရက်ဆိုတာ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအထိ အလုပ်လုပ်တဲ့ ဝန်ထမ်းကို ဂျပန်နိုင်ငံမှာရှိတဲ့အလုပ်သမားဥပဒေအရ လစာမဖြတ်ခွင့်ရက်ပေးရပါတယ်။ဒီလစာမဖြတ်တဲ့ခွင့်ရက်ဆိုတာ ထရိန်နင်အလုပ်သင်သား၊ကုမ္ပဏီဝန်ထမ်းတို့အတွက်တော့မဖြစ်မနေရရှိတဲ့ ခွင့်ရက်ဖြစ်ပြီး အချို့သောအချိန်ပိုင်းအလုပ်တွေမှာလည်း လစာမဖြတ်ခွင့်ရက်ရပါတယ်။

Read More
လုပ်ငန်းခွင် အထောက်အကူ

ထရိန်နင်ဗီဇာနဲ့ဂျပန်ကိုလာမယ်ဆိုရင်

လုပ်ကိုင်ရမဲ့အလုပ်အမျိုးအစားအလိုက် ဘာတွေကိုဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာကို စာတွေ့လေ့ကျင့်ခြင်း၊ မိမိလုပ်ကိုင်မယ့်အလုပ်အတွက်စနစ်တကျလေ့လာခဲ့ခြင်းနဲ့မြန်မာပြည်မှာရှိကတည်းကဂျပန်မှာလုပ်ရမယ့်အလုပ်ရဲ့စည်းကမ်းများကိုစနစ်တကျသိထားဖို့လိုအပ်ပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်