ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်ကုမ္ပဏီများ ရှယ်ယာရှင်များအစည်းအဝေးများကို အွန်လိုင်းမှတဆင့် ပြုလုပ်သွားဖွယ်ရှိ

လာမည့် နှစ်လအတွင်း ပြုလုပ်မည့် နှစ်ပတ်လည် ရှယ်ယာရှင်များအစည်းအဝေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို လျှော့ချ နိုင်ရန်ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုများ သို့မဟုတ် အွန်လိုင်းမှ တဆင့် အစည်းအဝေး ပြုလုပ်သွားရန် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများစီစဉ်လျက်ရှိကြောင်း သိရသည်။ကုမ္ပဏီဘုတ်အဖွဲ့ဝင်များ နှင့် ရင်:နှီးမြုပ်နှံသူများ မျက်နှာစုံညီ တွေ့ဆုံကြသည့် ရှယ်ယာရှင်အစည်းအဝေးများပြုလုပ်ခြင်းသည် ဂျပန်နိုင်ငံ၏ စံသတ်မှတ်ချက်တစ်ခုလည်း ဖြစ်သည်။ဂျပန်နိုင်ငံ၏ ကော်ပိုရေးရှင်(အသင်းအဖွဲ့)နှင့် ဆိုင်သော ဥပဒေ အရ ကုမ္ပဏီများသည် အဆိုပါ အစည်းအဝေးများ ပြုလုပ်ရန် အတွက် နေရာသတ်မှတ်ချက် ထားရှိရန် လိုအပ်သည်။ပိုမိုပြင်းထန်လာသော ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားလာခြင်းနှင့် အစိုးရ တွန်းအားပေးမှု ကြောင့် ကုမ္ပဏီ အချို့က အထက်ပါ အွန်လိုင်းမှတဆင့် ပြုလုပ်မည့် အစည်းအဝေး အမျိုးအစားများအား အလေးအနက် စဉ်းစားလာခဲ့ကြသည်။ဥပမာအနေဖြင့် သတင်းအချက်အလက် နည်းပညာကုမ္ပဏီ Asteria Corp က ဇွန်လတွင် ပြုလုပ်သွားမည့် ၎င်းတို့၏ အစည်းအဝေးအတွက် အင်တာနက်မှ တစ်ဆင့်ရှယ်ယာရှင်များ မဲပေးရန်၊ မေးခွန်းများမေးရန် နှင့် တိုက်ရိုက်ထုတ်လွှင့် မှုကို ရုပ်သံမှ တဆင့် ပါဝင် တက်ရောက်ကြည့်ရှုနိုင်ရန် စဉ်းစားလျက်ရှိသည်။မတ်လတွင် အဆိုပါကဲ့သို့ အွန်လိုင်းမှ အစည်းအဝေးပြုလုပ်ခြင်းကို Software Develper ကုမ္ပဏီ တစ်ခုဖြစ်သည့် Fuji Soft Inc. က ဂျပန်နိုင်ငံအတွင်း ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ဖူးကြောင်းသိရသည်။ရှယ်ယာရှင်များ လူအနေဖြင့် အစည်းအဝေးပြုလုပ်ရ နေရာ တက်ရောက်စရာ မလိုပဲ အစည်းအဝေး လုပ်ငန်းစဉ် အလုံးစုံ ပါဝင်နိုင်မည့် အစည်းအဝေး မျိုးကို စတင်စဉ်းစားနေပြီဖြစ်ကြောင်း ဥက္ကဌနှင့် စီအီးအို ဖြစ်သူ Yoichiro Hirano က ပြောကြားခဲ့သည်။ဥပဒေသတ်မှတ်ချက်နှင့် အညီ ကိုက်ညီစေရန် ကုမ္ပဏီက နေရာ ရွေးချယ်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ဂျပန်နိုင်ငံ စီးပွားရေး၊ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန က အဆိုပါ ရှယ်ယာရှင်များနှင့် လုပ်ငန်းရှင်များ တွေ့ဆုံ အစည်းအဝေးပွဲကို ဥပဒေသတ်မှတ်ချက်အောက် တွင် ခွင့်ပြုလိုက်ကြောင်းထုတ်ပြန်ထားသည်။SOURCE – The Japan Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်