幹事(kanji) အဖြစ်တာဝန်ပေးခံရလျှင်

လူအများကြီးမဟုတ်ပဲနဲ့ ကိုယ့်ဌာနအတွင်းက လူအယောက်နှစ်ဆယ်သုံးဆယ်လောက်အတွက် တာဝန်ပေးခံရတတ်တာမျိုးပါ။ အများအားဖြင့်တော့ ၄လပိုင်းလူသစ်တွေဝင်လာတဲ့ လုပ်လေ့လုပ်ထရှိတဲ့ 新入歓迎会(shinnyukangeikai) ပရောဂျက်ကို လူဝင်တာထွက်တာမျိုးတွေအတွက် 歓迎会(kangeikai)、送別会(soubetsukai)၊ အခုလိုနှစ်ကူးခါနီး (၁၂)လပိုင်းလောက်မှာဆိုရင် နှစ်ကူးနှုတ်ဆက်ပွဲ 忘年会(bounenkai)、နှစ်သစ်ကြိုဆိုပွဲ 新年会(shinnankai)။ ကိုယ်က ဂျပန်ကိုရောက်တာလည်း မကြာသေးဘူး၊ အထက်ကလူကြီးကလည်း တာဝန်ပေးလာတယ်ဆိုရင် ဘယ်ကစလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေခေါင်းထဲပေါ်လာမှာပါ။ ဒါမျိုးကတော့ ဂျပန်လူမျိုူးတွေကိုယ်တိုင်လည်း ကြုံတွေ့ရမှာပါ။ စဉ်းစားသင့်တဲ့အချက်တွေ သတိထားသင့်တဲ့အချက်လေးတွေကိုစုစည်းပေးလိုက်ပါတယ်။

ရက်သတ်မှတ်ခြင်း

ရက်သတ်မှတ်တဲ့အခါမှာ တနင်္ဂလာ၊အင်္ဂါလိုရက်မျိုးကိုရှောင်တာကောင်းပါတယ်။ စနေတနင်္ဂနွေပိတ်ရက်တွေအပြီးမှာ အလုပ်တွေကပုံတတ်ပြီး အချိန်ပိုများတာတွေမျိုးဖြစ်တတ်တဲ့အတွက် အချိန်ပိုမဆင်းရဘူးလို့ ဂျပန်ကုမ္ပဏီတွေ တော်တော်များများသတ်မှတ်ထားတဲ့နေ့ 定時退社日(teijitaishabi) ဗုဒ္ဓဟူးနေ့ညနဲ့ သောကြာလိုညမျိုးကတော့ အကောင်းဆုံးပါပဲ။

ဆိုင်ရွေးချယ်မှု

စိတ်ကြိုက်အဝသောက်လို့ရတဲ့ plan 飲み放題(nomihoudai)ကတော့မဖြစ်မနေပါရပါမယ်။ လူတစ်ယောက်ကို ¥၃၀၀၀ကြားကနေ ¥၅၀၀၀ ကြားကျသင့်တဲ့ ဟင်းပွဲမျိုး လူဆယ်ယောက်ဆိုတစ်ယောက် အခမဲ့ကူပွန်သုံးလို့ရတဲ့ ဆိုင်မျိုးတွေလည်း ရှိတတ်ပါတယ်။ ဟင်းပွဲထွက်တာက ခုနှစ်မျိုးကျော်တဲ့ဆိုင် လူဦးရေပေါ်လိုက်ပြီးတော့ ကိုယ်ပိုင်အခန်းရတဲ့ဆိုင်မျိူး၊ ဒါမှမဟုတ် ကိုယ့်အုပ်စုနဲ့ကိုယ် တစ်ခုတဝေးထဲဖြစ်စေတဲ့ဆိုင်မျိူး ဘူတာကနေလမ်းလျှောက်ရင်၁၀မိနစ်ရောက်နိုင်တဲ့ဆိုင် ဆေးလိပ်သောက်တဲ့သူမျိုးရှိရင် ထိုင်ခုံနေရာမှာသောက်လို့ရလား ဒါမှမဟုတ် ဆေးလိပ်လောက်သောက်ဖို့ ပေးထားတဲ့အခန်းရှိလားဆိုတာလည်း ဆိုင်ကိုမေးမြန်းသင့်ပါတယ်။

ဆိုင်ကိုအကြောင်းကြားထားတဲ့ လူဦးရေထက်နည်းသွားတာ တိုးလာတဲ့အခါမျိုးဆိုရင် ပိုက်ဆံကောက်ခံတာမျိူးရှိမရှိ။ နောက်သတိထားရတာမျိုးက သူတို့ရဲ့ဆိုင်ဝက်ဆိုဒ်တွေရထားတဲ့ ကြယ်သတ်မှတ်ချက်တွေကို ရာခိုင်နှုန်းပြည့်မယုံကြည်ဖို့ပါ။ ဆိုင်ဝက်ဆိုဒ်မှာတော့ ဆိုင်အထိုင်အခင်းကလှပနေပေမယ့် တကယ်မှာတော့ ထင်တားသလောက် အဆင်မပြေတာမျိုးတွေ ရှိပါတယ်။ ပုံထဲမှာဆိုင်နေရာကျယ်တယ်ထင်ရပေမယ့် တကယ်တမ်းဆိုင်ရောက်တဲ့အခါ ဆိုင်နေရာကျဉ်းတာကြောင့်နေရာအခက်အခဲဖြစ်တာမျိုးတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ ဆိုင်ကိုကိုယ်တိုင်သွားခဏအကဲခတ်တာပဲဖြစ်ဖြစ် ဆိုင်လာရောက်သုံးဆောင်သူတွေရဲ့ မှတ်ချက်သုံးသပ်မှုတွေကိုလုပ်တာကကောင်းပါတယ်။ ဘွတ်ကင်တင်တာ ဆိုင်ရှာတာမျိုးအတွက်ဆို Tabelog , hot pepper ဝက်ဆိုဒ်တွေကနေ အရှာများကြပါတယ်။ ကိုယ်အဆင်ပြေလောက်တဲ့ ဆိုင်ကို ရှာပြီး ဆိုင်ရဲ့ဝက်ဆိုဒ်မှာ အသေးစိတ်ကြည့်လို့လည်းရပါတယ် နောက်တစ်ခုက အရှေ့တစ်နှစ်က ကျင်းပခဲ့တဲ့ဆိုင်ကို ရှောင်တာမျိုးလည်းကောင်းပါတယ်။

ဘွတ်ကင်တင်တာ

၄လပိုင်းလူသစ်တွေဝင်တဲ့အချိန်မျိုး၊ ၁၂လပိုင်းလို နှစ်ကုန်နှုတ်ဆက်ပွဲ နှစ်သစ်ကူးကြိုဆိုပွဲတွေ အလုပ်များတဲ့အချိန်မျိုးဆိုရင် ရက်ကိုမြန်မြန်သတ်မှတ် ဆိုင်ကိုမြန်မြန်ဘွတ်ကင်တင်တာမျိုးတွေက အကောင်းဆုံးပါ။ ပွဲတွေကျပ်တဲ့အခါမှာကိုယ်လိုချင်တဲ့ ဆိုင်ကိုယ်လိုချင်တဲ့အချိန်မရတာမျိုးတွေ အမြဲလိုလိုဖြစ်တတ်ပါတယ်။ ဘွတ်ကင်တင်တဲ့အချိန်မှာလည်း အဝင်အထွက်အချိန် နောက်ဆုံးသောက်စရာမှာစရာမှာထားရတယ့်အချိန်ကို ကောင်းကောင်းအတည်ပြုပါ။ လူစာရင်းအပြောင်းအလဲလုပ်ချိန်ရင် ဘယ်နေ့ဘယ်ချိန်နောက်ဆုံးလုပ်လို့ရလဲဆိုတာ ဆိုင်ဘက်ကိုအတည်ပြုပါ။ ဆိုင်တော်တော်များများကတော့ ပွဲရက်မတိုင်ခင်လူစာရင်းတိုးတာ ဖျက်တာကိုအခမဲ့လုပ်ပေးပါတယ်။ လူဦးရေအရမ်းတိုးသွားရင် ဆိုင်မှာထိုင်ဖို့နေရာအခက်အခဲတွေရှိတာကြောင့် ဒါကိုလည်းသတိထားရပါတယ်။

အကြောင်းကြားမေးလ်ပို့ဖြင်း

ပွဲလုပ်မယ့်ရက်ကို သတ်မှတ်ပြီးပို့တာလည်းကောင်းသလို ရက်ရောနေရာရော သတ်မှတ်ပြီးမှပို့လည်း အဆင်ပြေပါတယ်။ နှစ်သစ်ကူးပွဲမျိုးဆိုရင် ရာထူးအကြီးပိုင်းလူတွေက တခြားဌာနကပွဲတွေကို တက်ရတာမျိုးလည်းရှိတဲ့အတွက် ဒီနေ့ဒီပွဲလုပ်ဖို့ရှိပါတယ်ဆိုတာကို ကြိုအကြောင်းကြားထားမျိုးက ကောင်းပါတယ်။

ဆိုင်သတ်မှတ်ပြီးပြီးဆိုရင်တော့ အကြောင်းကြားမေးလ်ထဲမှာ

  • ကျင်းပမယ့်ရက်
  • နေရာ
  • အချိန်
  • ဟင်းပွဲအကျဉ်း
  • ကျသင့်ငွေ
  • ဘူတာကနေ အကွာအဝေး
  • ပွဲတက်ရောက်မလား မတက်ရောက်ဘူးလားဆိုတာနဲ့
  • နောက်ဆုံးအကြောင်းကြားရမယ့် ရက် ကတော့ မပါမဖြစ်ပါ

ပွဲအတွက် ကျသင့်ငွေက တော့ ဘယ်သူမှစမသောက်ခင် လူစုနေတဲ့ နေရာမှာကောက်ထားတာအကောင်းဆုံးပါပဲ။ ပွဲစီစဉ်တဲ့သူက အစားအသောက်မှာလို့လွယ်တဲ့နေရာ တစ်ခုခုဆို ဆိုင်ဝန်ထမ်းကို လှမ်းခေါ်လို့ရတဲ့နေရာမှာ ထိုင်သင့်ပါတယ်။

ဒါတွေကတော့ အခြေခံအချက်တွေပါ။ အလုပ်ခွင်ဝင်တဲ့အခါတိုင်းလိုလိုမှာ ကြုံရနိုင်ပါတယ်။ ကုမ္ပဏီပေါ်လိုက်ပြီး စည်းမျဉ်းတွေလည်း ရှိနိုင်တာကြောင့် တစ်ခုခု မသေချာတာမျိုးရှိရင် မကြောက်မရွံပဲနဲ့ စီနီယာတွေကို မေးမြန်းတာကောင်းပါတယ်။ လူသစ်ဖြစ်တဲ့ အလျောက် ကိုယ်တာဝန်ယူတတ်မှု၊ စီစဉ်တတ်မှု ဘယ်လောက်ရှိလဲဆိုတာကို ပြသနိုင်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။

Cover Image from SUPENAVI

Leave a Reply

Your email address will not be published. Required fields are marked *

လုပ်ငန်းခွင်

ဂျပန့်စားသုံးသူစျေးနှုန်းတွေဟာ ဧပြီလမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်း

ဂျပန့်စားသုံးသူစျေးနှုန်းအညွှန်းကိန်းဟာ ဧပြီလမှာ ပြီးခဲ့တဲ့နှစ်ကထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉လဆက်တိုက် ကျဆင်းခဲ့ပါတယ်။ အစိုးရရဲ့ တိုက်တွန်းချက်အရ ဖုန်းကုမ္ပဏီတွေဟာ စျေးနှုန်းသက်သာတဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှု အစီအစဉ်တွေကို စတင်ရောင်းချတာဟာ အခုလို အညွှန်းကိန်းကျဆင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆက်သွယ်ရေး ဝန်ဆောင်ခတွေဟာ ၂၆.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဝန်ဆောင်ခတွေကို နှိုင်းယှဥ် လေ့လာတဲ့ အချက်အလက်ဒေတာတွေ ၂၀၀၁ခုနှစ်က စတင် ကောက်ယူ ခဲ့ပြီးနောက်ပိုင်း အများဆုံး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဝန်ဆောင်ခ ကျဆင်း တာဟာ စားသုံးသူစျေးနှုန်းတွေကို ခဏလောက်ဆက်ပြီး ကျဆင်း စေနိုင်ဖွယ်ရှိတယ်လို့ အဲဒီဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။ရေနံစိမ်းစျေးနှုန်းတက်တာကြောင့် ဓာတ်ဆီစျေး ၁၃.၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ တည်းခိုစရိတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ဧပြီလက အကြီးအကျယ်ကျဆင်းခဲ့ရာကနေ […]

Read More
လုပ်ငန်းခွင်

Japanese Paid Holiday-Vacation

လစာမဖြတ်ပဲ ရရှိမဲ့ခွင့်ရက်ဆိုတာ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအထိ အလုပ်လုပ်တဲ့ ဝန်ထမ်းကို ဂျပန်နိုင်ငံမှာရှိတဲ့အလုပ်သမားဥပဒေအရ လစာမဖြတ်ခွင့်ရက်ပေးရပါတယ်။ဒီလစာမဖြတ်တဲ့ခွင့်ရက်ဆိုတာ ထရိန်နင်အလုပ်သင်သား၊ကုမ္ပဏီဝန်ထမ်းတို့အတွက်တော့မဖြစ်မနေရရှိတဲ့ ခွင့်ရက်ဖြစ်ပြီး အချို့သောအချိန်ပိုင်းအလုပ်တွေမှာလည်း လစာမဖြတ်ခွင့်ရက်ရပါတယ်။

Read More
လုပ်ငန်းခွင် အထောက်အကူ

ထရိန်နင်ဗီဇာနဲ့ဂျပန်ကိုလာမယ်ဆိုရင်

လုပ်ကိုင်ရမဲ့အလုပ်အမျိုးအစားအလိုက် ဘာတွေကိုဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာကို စာတွေ့လေ့ကျင့်ခြင်း၊ မိမိလုပ်ကိုင်မယ့်အလုပ်အတွက်စနစ်တကျလေ့လာခဲ့ခြင်းနဲ့မြန်မာပြည်မှာရှိကတည်းကဂျပန်မှာလုပ်ရမယ့်အလုပ်ရဲ့စည်းကမ်းများကိုစနစ်တကျသိထားဖို့လိုအပ်ပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်