Japanese Paid Holiday-Vacation

January 18, 2021 at 11:14 AM

ဂျပန်နိုင်ငံရှိကုမ္ပဏီတွေနဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့အရာတစ်ခုကတော့ ပိတ်ရက်နဲ့ ပတ်သက်ပြီးအကျိုးခံစားခွင့်ပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်တဲ့အခါ ပိတ်ရက်တွေမှာ အနားယူနိုင်ပြီး လစာခံစားခွင့်လည်း ရအုန်းမဲ့ အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး အခြေခံအချက်တွေကို ရှင်းပြပါမယ်။
အလုပ်သမားဥပဒေအရပိတ်ရက်များ
အပတ်စဉ် သတ်မှတ်ထားတဲ့ ပိတ်ရက်တွေအပြင် (အများပြည်သူရုံးပိတ်ရက်များ)၊ နွေရာသီပိတ်ရက်၊ဆောင်းရာသီပိတ်ရက်၊ နှစ်သစ်ကူးရုံးပိတ်ရက်တွေကို ဂျပန်အလုပ်သမားဥပဒေအရ ဝန်ထမ်းများအတွက်ရရှိသင့်တဲ့ အကျိုးခံစားခွင့်တွေပဲ ဖြစ်ပါတယ်။
ဒီပိတ်ရက်တွေအပြင် ဂျပန်မှာ အမြဲတမ်းဝန်ထမ်း၊ စာချုပ်ဝန်ထမ်းတွေဟာ အလုပ်ဝင်ပြီး ၆လ ကြာပြီးနောက် မဖြစ်မနေရရှိနိုင်မဲ့ 有給休暇 (လစာမဖြတ်ပဲ ရရှိမဲ့ ခွင့်ရက်) နဲ့ ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။

有給休暇 (ゆうきゅうきゅうか) (လစာမဖြတ်ပဲ ရရှိမဲ့ ခွင့်ရက်)
လစာမဖြတ်ပဲရရှိမဲ့ခွင့်ရက် ကို စစ်အပြီးခေတ် ၁၉၄၇ ခုနှစ်တွင်အလုပ်သမား ဥပဒေတွင် စတင်ပြဠာန်းခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင်နှစ်စဉ်လုပ်ခလစာခွင့်ကိုစတင်ခဲ့ပါတယ်။ ဒီဥပဒေကို စတင်ပြဌာန်းစဉ်က လစာပြည့်ခွင့်ရက်ကို အနည်းဆုံး ၆ ရက်သတ်မှတ်ထားပါတယ်။ ၁၉၈၈ ခုနှစ် ဧပြီလတွင် လစာပြည်ခွင့်ရက်အားအနည်းဆုံး ၁၀ ရက်အထိတိုးမြှင့်ခဲ့ပါတယ်။

လစာမဖြတ်ပဲ ရရှိမဲ့ခွင့်ရက်ဆိုတာ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအထိ အလုပ်လုပ်တဲ့ ဝန်ထမ်းကို ဂျပန်နိုင်ငံမှာရှိတဲ့အလုပ်သမားဥပဒေအရ လစာမဖြတ်ခွင့်ရက်ပေးရပါတယ်။ဒီလစာမဖြတ်တဲ့ခွင့်ရက်ဆိုတာ ထရိန်နင်အလုပ်သင်သား၊ကုမ္ပဏီဝန်ထမ်းတို့အတွက်တော့မဖြစ်မနေရရှိတဲ့ ခွင့်ရက်ဖြစ်ပြီး အချို့သောအချိန်ပိုင်းအလုပ်တွေမှာလည်း လစာမဖြတ်ခွင့်ရက်ရပါတယ်။

သတ်မှတ်ချက်

အလုပ်ဝင်တဲ့ရက်မှစပြီး 6 လဆက်တိုက်အလုပ်လုပ်ရမည်။

ထိုအချိန်အတွင်းအလုပ်လုပ်ထားတဲ့ရက်ပေါင်း 80 % နဲ့ အထက် ရှိရမည်။

လစာမဖြတ်ခွင့်ရက်(ပုံမှန်အားဖြင့် အမြဲတမ်းဝန်ထမ်း)

၆လကျော်ရင် ခွင့်ရက် ၁၀ ရက် ရပါမယ်။

၁နှစ်၆လကျော်ရင် ခွင့်ရက် ၁၁ရက် ရပါမယ်။

၂နှစ်၆လကျော်ရင် ခွင့်ရက် ၁၂ရက် ရပါမယ်။

၃နှစ်၆လကျော်ရင် ခွင့်ရက် ၁၄ရက် ရပါမယ်။

၄နှစ်၆လကျော်ရင် ခွင့်ရက် ၁၅ရက် ရပါမယ်။

၅နှစ်၆လကျော်ရင် ခွင့်ရက် ၁၈ရက် ရပါမယ်။

၆နှစ်၆လကျော်ရင် ခွင့်ရက် ၂၀ရက် ရပါမယ်။

▲၆နှစ်၆လကျော်ရင်တော့ နှစ်စဉ်လစာမဖြတ် ခွင့်ရက် ၂၀ ရပါမယ်။

▶ချွင်းချက်

⭗တကယ်လို့ ပထမဦးဆုံး၆လကြာပြီးမှာ ရတဲ့ခွင့်ရက်(၁၀)ရက်ကိုတစ်နှစ်အတွင်းခွင့်ရက်မယူခဲ့ရင် နောက်နှစ်ထဲမှာပေါင်းပြီးယူလို့ရတယ်။

⭗ခွင့်ရက်သုံးဖို့သက်တမ်းက(၂)နှစ်ရှိပါတယ်။

⭗အချို့သောကုမ္ပဏီတွေက အချိန်ပိုင်းဝန်ထမ်းကိုလည်း လစာမဖြတ်ခွင့်ရက် ပေးပါတယ်။

⭗လစာမဖြတ်ခွင့်ရက်(အချိန်ပိုင်းဝန်ထမ်း* တစ်ပတ် နာရီ၃၀အောက်) အတွက် လစာမဖြတ်ခွင့်ရက်က အမြဲတမ်းဝန်ထမ်းအတွက်ခွင့်ရက်နဲ့မတူပါဘူး။

Tags: