ဂျပန်အမျိူးသမီးများ အလုပ်ခွင်တွင်မျက်မှန်တပ်ဆင်ချင်းအားတားမြစ်ချင်းခံရ
ဗုဒ္ဓဟူးနေ့ ဂျပန်ရုပ်သံ Nippon TV မှ “အမျိုးသမီးကုမ္ပဏီဝန်ထမ်းများ မျက်မှန်အစား မျက်ကပ်မှန်တပ်ရန် လိုအပ်သည်”ဆိုတဲ့ သတင်းကို ကြေငြာပြီးသည့်အချိန်မှစရ၍ social media တစ်ခုဖြစ်တဲ့ Twitter မှာ “glasses ban” “မျက်မှန်တပ်ခြင်း တားမြစ်တယ်”ဆိုတဲ့ Hashtag ဟာ အရမ်းကို popular ဖြစ်နေပါတယ်။

Twitter အသုံးပြုသူတစ်ဦးမှ သူမရဲ့ ယခင်အလုပ်ရှင်မှ မျက်မှန်တပ်ခြင်းဟာ customer များကို ဆွဲဆောင်မှုမရှိကြောင်း ပြောခဲ့ခြင်းကြောင်း eye infectionမှပြန်လည်သက်သာလာခါစ အချိန်တွင် မျက်ကပ်မှန်ကို ကြိုးစားသည်းခံကာ တပ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ” အပြင်ပန်းအသွင်အပြင် ဟာ အမျိုးသမီးငယ်လေးများအတွက် အလွန်အရေးကြီးကြောင်း ၊အမျိုးသားများကို မျက်မှန်တပ်ခွင့်ပြုထားပြီး အမျိုးသမီးများကို မျက်မှန်တပ်ခွင့် တားမြစ်ထားခြင်းမှာ ထူးဆန်းကြောင်း” Tokyo မြို့ အာမခံကုမ္ပဏီတစ်ခုရဲ့ အသက် (၄၀)အရွယ်ရှိတဲ့ အရောင်းဝန်ထမ်း Banri Yanagi မှ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။ မတ်လတွင်လည်း အလုပ်ခွင်တွင် အမျိုးသမီးများ အလှပြင်ရန် လိုအပ်ကြောင်း ထုပ်ပြန်ခဲ့၍ကန့်ကွက်မှုများလည်း ရှိခဲ့သေးသည်။
“မျက်မှန်တပ်ခြင်းဟာ အလုပ်မှာ တကယ်ပဲ ပြဿနာတစ်ခုဖြစ်စေတယ်ဆိုရင် ယောင်္ကျားလေးရော မိန်းကလေးရော တားမြစ်သင့်တယ်လို့ Ishikawa မှပြောကြားခဲ့ပါတယ်။ ” Ishikawa ဟာ အမျိုးသမီးများအား တနေကုန် ဒေါက်ဖိနပ်စီး၍ အလုပ်လုပ်ခိုင်းခြင်းဟာ job requirement အနေနဲ့ မဖြစ်သင့်ကြောင်း ကန့်ကွက်သည့်ကိစ္စတွင်လည်း လူအယောက် ၃၁,၀၀၀ ကျော်ထံမှ support ရရှိခဲ့သူတစ်ဦးဖြစ်သည် ။ “ဒီမျက်မှန်ပြဿနာဟာ ယခင်ဖြစ်ပွားခဲ့တဲ့ဒေါက်ဖိနပ်စီးခိုင်းတဲ့ ပြဿနာလိုပဲအမျိုးသမီးတွေအတွက်သာ ထုတ်ထားတဲ့ စည်းကမ်းတစ်ခု ဖြစ်တယ်” ဟုလည်းပြောကြားခဲ့ပါတယ်။