ဘဝတန်ဖိုးများနဲ့ Departures

ဘာသာတရားများ အားလုံးဟာ ၎င်းတို့ ပေါ်ထွန်းထားလာခဲ့တဲ့ နိုင်ငံ/ဒေသတွေရဲ့ ယဉ်ကျေးမှုလွှမ်းမိုးမှုမှာ အခြေခံပြီး ဖြစ်ထွန်းလာခဲ့ကြတာကြောင့် ဂျပန်နိုင်ငံရဲ့ ရိုးရာဗုဒ္ဓဘာသာ ဟာ အိန္ဒိယကနေ ပေါ်ပေါက်လာခဲ့တဲ့ ဗုဒ ဘာသာ နဲ့ မတူတဲ့အကြောင်း ပြောပြနေစရာမလိုလောက်ဘူးလို့ ထင်မိပါတယ်။ရှင်တိုဘာသာဟာ ထာဝရဘုရား ကိုးကွယ်မှုနှင့် သဘာဝ တရားဓမ္မ ကိုးကွယ်မှု နှစ်ခု ပေါင်းစပ်ထားတဲ့ ဘာသာဖြစ်ပါတယ်။ ကာမီနိုမီကျီ ဟူ၍ လည်းကောင်း လောကုတ္တရာလမ်း ဟူ၍လည်းကောင်း ခေါ်သော ရှင်တိုဘာသာ ဟာ ရှေးခေတ်ဂျပန်တို့၏ ဘာသာတရား တစ်ခုပင် ဖြစ်ပါတယ်။ဂျပန်နိုင်ငံကို ဗုဒ္ဓဘာသာနဲ့ ကွန်ဖူးရှပ်ဘာသာတို့ ရောက်ရှိမလာမီ ရှင်တိုဘာသာဟာ သဘာဝတရားဓမ္မနှင့် ထာဝရ ဘုရားတို့ကို ကိုးကွယ်တဲ့ ဘာသာတစ်ရပ် ဖြစ်ပါတယ်။ ရှင်တိုဘာသာမှာ တစ်ခုတည်းသော ထာဝရဘုရား တည်ရှိကြောင်း ယုံကြည်မှု အပြင် သဘာဝတရားနှင့် သက်မဲ့ ရုပ်ထုကိုးကွယ်မှုများကိုလည်း ကျင့်သုံးခဲ့ကြပါတယ်။ရှေးခေတ် ရှင်တိုဘာသာဝင်တို့ဟာ နေ လေ နက္ခတ် တောတောင် ရေမြေ မီး တိရိစ္ဆာန်တို့တင်မက သစ်ပင်ချုံနွယ်တို့အပြင် လူစွမ်းကောင်းများကိုလဲ ကိုးကွယ်ကြပါသေးတယ်။ ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းတွေကို သက်ရှိထင်ရှားရှိစဉ်အခါနှင့် ကွယ်လွန်ပြီးသောအခါများမှာ မြင့်မြတ်တဲ့နတ်ဘုရားဂျပန်ဘာသာအခေါ် “ကာမိ” အဖြစ် ကိုးကွယ်ကြပါတယ်။ ဒီသူရဲကောင်းတွေ မသေခင်ကတည်းက သူတို့အတွက် ရှင်တိုဘုရားကျောင်းတွေကို ဆောက်လုပ်ခဲ့ကြပါတယ်။ ဘိုးဘေး ဘီဘင် အဆက်အနွယ်များကို ကိုးကွယ်မှုနှင့် ဧကရာဇ် ဘုရင်မင်းမြတ်၏ အသုံးအဆောင် များကိုလည်း သက်မဲ့ ဆင်းတုအဖြစ် ကိုးကွယ်ကြပါသေးတယ်။ ရှင်တိုဘာသာမှာ သဘာဝဓမ္မ ကိုးကွယ်မှု အဝိညာဏ သက်မဲ့ ဝတ္ထုကိုးကွယ်မှုနှင့် သူရဲကောင်း ကိုးကွယ်မှုများမှာ နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့ပြီး ထိုကိုးကွယ်ခဲ့သော အရာအာလုံး တို့သည် ထာဝရ ဘုရားပင် အဖြစ် ကိုးကွယ်ခဲ့ကြပါတယ်။ ဘာသာတရားတိုင်းဟာ ၎င်းတို့ပေါက်ဖွားရာ နိုင်ငံ/ဒေသ ကို မူတည်ပြီး ပြောင်းလဲခဲ့ကြသလိုပဲ ဂျပန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ဘာသာတရား တစ်စိတ်တစ်ပိုင်းကို တင်ပြလိုက်ပါတယ်။

ဂျပန်ရုပ်ရှင် တစ်ကား ဖြစ်တဲ့ “Okuribito” (Departures)ဟာ 2008 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၈၁ ကြိမ်မြောက်အကယ်ဒမီ နိုင်ငံခြားဘာသာစကားရုပ်ရှင်အကောင်းဆုံး ဆု ရရှိခဲ့တဲ့အပြင် ကမ္ဘာအဝန်းမှ ဆု ၉၆ ဆု ကို ရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဗုဒ္ဓဘာသာအယူအဆ တစ်ခုဖြစ်တဲ့ သေခြင်းနဲ့ နောင်ဘဝဖြစ်ရှိမှု ကို အခြေခံထားတဲ့ Okuribito ရုပ်ရှင်ဟာ အလုပ်မရှိတဲ့ တယော ဂီတသမားတစ်ယောက်ရဲ့ ရှင်တိုဘာသာ ရိုးရာဓလေ့အရ အသုဘအခမ်းအနား ပြင်ဆင်ပေးရတဲ့ သူအဖြစ် လုပ်ကိုင်ဖြစ်မှုကို အခြေခံထားပါတယ်။ ရှင်တိုဘာသာ အရ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို မသဂြိုလ်ခင် မိသားစု ဆွေမျိုးတွေအရှေ့မှာ ပြင်ဆင်ပေးရတာပါ။ ဒီလို ပြင်ဆင်ပေးနေတဲ့အချိန်မှာ ဆွေမျိုး မိသားစုဝင်တွေက နောက်ဆုံးအကြိမ်နှုတ်ဆက်ကြရပါတယ်။ ရုပ်အလောင်းကို ပြင်ဆင်ပေးရတဲ့အပြင် နောင်ဘဝအကူးကောင်းအောင်လို့လည်း ပြုလုပ်ပေးရပါသေးတယ်။ တစ်ဖက်က ဂီတအနုပညာ တယောတီးရင်းနဲ့ လူသေအလောင်းတွေကို ပြင်ဆင်ပေးရတဲ့သူအဖြစ် လုပ်ကိုင်နေတာကို သူ့အမျိးသမီးက သိသွားတဲ့အခါမှာ သူ့ကို ထားရစ်ခဲ့ပါတော့တယ်။ လူတစ်ယောက်ဟာ လူ့အဖွဲ့အစည်းထဲမှာ နေတယ်ဆိုရင် လူမှုပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ရာ တာဝန်လုံးလုံးရှိနေပါပြီ။ ဒါကို ရှောင်ပြေးလို့မရပါဘူး။ တောထဲတောင်ထဲ တစ်ယောက်ထဲသွားနေမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

ဒီရုပ်ရှင်မှာ မြင်တွေ့ရတဲ့ ဒီပြင်ဆင်မှုဟာ ဂျပန်နိုင်ငံမှာတော့ ဈေးကြီးပေး ငှားရမ်းပြုလုပ်ရတဲ့ ဝန်ဆောင်မှုတစ်ခုပေါ့။ ကုမ္ပဏီ အဖြစ်နဲ့တောင် လုပ်ကိုင်နေကြတယ်လို့ ဆိုလေရဲ့။ ၂၀၁၇ ခုနှစ်ကတည်းက မွေးဖွားနှုန်းထက် လူ သေဆုံးမှုနှုန်း မြင့်တက်နေတဲ့ ဂျပန်နိုင်ငံမှာ ဒီလို ရိုးရာဓလေ့ပြင်ဆင်မှုကို စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်လာခဲ့ကြပါတယ်။ပထမဆုံး ပြင်ဆင်ဖြစ်ခဲ့ရသူက သူ့အဖွားဖြစ်သူ ကိုပါပဲ။ အေးစက်တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ တယောတီးတဲ့ အနုပညာ လက်ဖြင့် အဖွားဖြစ်သူကို ရိုးရာအတိုင်း ပြင်ဆင်စီရင်ပေးပုံမှာ နွေးထွေးဖွယ်ရာပင်။ ထိုနောက် လူသေအလောင်း ကိုင်ထားတဲ့ လက်ဖြင့် သူ့ရဲ့ တယော အဟောင်းကနေတဆင့် အတွေ့အကြုံတွေနဲ့ စိတ်ခံစားမှုတွေကို ဂီတသံအဖြစ် ရင်ဖွင့် ပြန်လေရဲ့။ ဒါဟာ ဂီတရဲ့ နာကျင်မှုနဲ့ လွတ်မြောက်နိုင်စွမ်းကို ပြသမှု တစ်ခုပါပဲ။ဘယ်အလုပ်မဆို အနုပညာ ဆန်နိုင်တာကြောင့် လူသေအလောင်းကို ပြင်ဆင်ပေးရတာလည်း အနုပညာ ဆန်မှု တစ်ခုပဲ မဟုတ်လား။

“You are not pure” ပင်ပန်းပြီး အလုပ်က ပြန်လာတဲ့အချိန်မှာ လူသေအလောင်းနဲ့ ထိတွေ့ထားလို့ နင့် ကိုယ်က မသန့်ဘူးလို့ ဇာတ်ကောင် Daigo ကို အမျိုးသမီးဖြစ်သူက ဆီးကြိုပြောဆိုလိုက်ပုံက အလုပ်ဆိုတာထက် ရိုးရာဓလေ့ရဲ့ ကန့်သတ်ချက်တွေကို ပြသလိုက်ပါတယ်။ဂျပန်လူမျိုးတွေဟာ အခြား အာရှနိုင်ငံသားတွေလိုပဲ အသုဘ ပို့အပြီး အိမ်ကို တန်းပြန်တာမျိုး မပြုလုပ်ကြပါဘူး။ ကျွန်တော်တို့ နိုင်ငံ ဓလေ့ကျတော့ ခြေလက်ဆေး သန့်စင်ပစ်တာမဟုတ်ပါလား။ အဲ့ဒါကြောင့် ဂျပန်နိုင်ငံမှာ အသုဘ ပို့ပြီးတာနဲ့ စားသောက်ဆိုင်၊အရက်ဘား တစ်ခုခုကို ခြေဦး တည့်ရတော့တာပါပဲ။ Departures ဟာ ဘဝတန်ဖိုးနဲ့ ပတ်သက်ပြီး အတွေးတွေ ပေးလိမ့်မဲ့ ရုပ်ရှင်တစ်ကားလို့ ယူဆမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

လုပ်ငန်းခွင်

ဂျပန့်စားသုံးသူစျေးနှုန်းတွေဟာ ဧပြီလမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်း

ဂျပန့်စားသုံးသူစျေးနှုန်းအညွှန်းကိန်းဟာ ဧပြီလမှာ ပြီးခဲ့တဲ့နှစ်ကထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉လဆက်တိုက် ကျဆင်းခဲ့ပါတယ်။ အစိုးရရဲ့ တိုက်တွန်းချက်အရ ဖုန်းကုမ္ပဏီတွေဟာ စျေးနှုန်းသက်သာတဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှု အစီအစဉ်တွေကို စတင်ရောင်းချတာဟာ အခုလို အညွှန်းကိန်းကျဆင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆက်သွယ်ရေး ဝန်ဆောင်ခတွေဟာ ၂၆.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဝန်ဆောင်ခတွေကို နှိုင်းယှဥ် လေ့လာတဲ့ အချက်အလက်ဒေတာတွေ ၂၀၀၁ခုနှစ်က စတင် ကောက်ယူ ခဲ့ပြီးနောက်ပိုင်း အများဆုံး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဝန်ဆောင်ခ ကျဆင်း တာဟာ စားသုံးသူစျေးနှုန်းတွေကို ခဏလောက်ဆက်ပြီး ကျဆင်း စေနိုင်ဖွယ်ရှိတယ်လို့ အဲဒီဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။ရေနံစိမ်းစျေးနှုန်းတက်တာကြောင့် ဓာတ်ဆီစျေး ၁၃.၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ တည်းခိုစရိတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ဧပြီလက အကြီးအကျယ်ကျဆင်းခဲ့ရာကနေ […]

Read More
လုပ်ငန်းခွင်

Japanese Paid Holiday-Vacation

လစာမဖြတ်ပဲ ရရှိမဲ့ခွင့်ရက်ဆိုတာ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအထိ အလုပ်လုပ်တဲ့ ဝန်ထမ်းကို ဂျပန်နိုင်ငံမှာရှိတဲ့အလုပ်သမားဥပဒေအရ လစာမဖြတ်ခွင့်ရက်ပေးရပါတယ်။ဒီလစာမဖြတ်တဲ့ခွင့်ရက်ဆိုတာ ထရိန်နင်အလုပ်သင်သား၊ကုမ္ပဏီဝန်ထမ်းတို့အတွက်တော့မဖြစ်မနေရရှိတဲ့ ခွင့်ရက်ဖြစ်ပြီး အချို့သောအချိန်ပိုင်းအလုပ်တွေမှာလည်း လစာမဖြတ်ခွင့်ရက်ရပါတယ်။

Read More
လုပ်ငန်းခွင် အထောက်အကူ

ထရိန်နင်ဗီဇာနဲ့ဂျပန်ကိုလာမယ်ဆိုရင်

လုပ်ကိုင်ရမဲ့အလုပ်အမျိုးအစားအလိုက် ဘာတွေကိုဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာကို စာတွေ့လေ့ကျင့်ခြင်း၊ မိမိလုပ်ကိုင်မယ့်အလုပ်အတွက်စနစ်တကျလေ့လာခဲ့ခြင်းနဲ့မြန်မာပြည်မှာရှိကတည်းကဂျပန်မှာလုပ်ရမယ့်အလုပ်ရဲ့စည်းကမ်းများကိုစနစ်တကျသိထားဖို့လိုအပ်ပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်