シフト Mobile App

ကျွန်တော် တို့ ကျောင်းသားတွေ အချိန်ပိုင်းသမား တွေ အနေနဲ့ အသိဆုံးပါ လကုန်လို့ လစာထွက်ရင် ဘယ်လောက် ရတော့မယ် ဆိုတာ အမြဲ စောင့် မျှော်နေကြရတာပါ။ တစ်ချို့ဆိုင်တွေက computer system နဲ့ သွားတော့ ဘယ်လောက်ရမှာ ဆိုတာကို ကြိုသိနေပါတယ်။ အဲ့လို မဟုတ်ပဲနဲ့ လက်ပေး အလုပ်ရယ် ဘဏ်ပေးတွေရယ် စုစုပေါင်းကျတော့ မှတ်ရတာ အလုပ်တွေ ရှုပ်ကုန်ရော။

ခု App လေးက တော့ ကျွန်တော်တို့ အလုပ်တွေ ၂ ခုမက လို့ ၃ / ၄ ခု ရှိရင် တောင် မှ အတိအကျ မှတ်ပေးပြီး လစာဘယ်လောက် ထွက်မှာလဲ ကိုပါ တွက်ပေးမဲ့ App လေးပါ။ စစခြင်း setting လုပ်ရတာတော့ နည်းနည်းလေး အချိန်ပေးရပါတယ်သုံးရင်းနဲ့ အဆင်ပြေသွားရင် တော်တော်လေးကို အထောက် အကူပြုပါတယ်။

ပထမဦးဆုံး App လေးကို downlaod ဆွဲ လိုက်ပါ။ シフト လို့ ရိုက်ရှာလိုက်ရင် ထိပ်ဆုံးက ပေါ်လာပါလိမ့်မယ်။ (မရှာတတ်တဲ့သူတွေ အတွက်လည်း စာအဆုံးမှာ download လုပ်လို့ရနိုင်မယ့် link ကို တစ်ခါထဲ ထည့်ထားပေးပါတယ်)။

download လုပ်ပြီးပါက မိမိ Email ဖြင့် အကောင့်တစ်ခု လုပ်လိုက်ပါ ( အကောင့်လုပ်ထားခြင်းအားဖြင့် ဘယ် ဖုန်းထဲ ဖြစ်ဖြစ် အကောင့် ဝင်ရုံဖြင့် ပြန်လည် ကြည့် ရူနိုင်ပါတယ် )

နောက်ဆက်ပြီးတော့ မိမိ အလုပ်ရဲ့ အချက်အလက်တွေကို ဖြည့်ရပါလိမ့်မယ်။

ဖြည့်ပြီးပါက လစာထွက်မဲ့ ရက် ရဲ့ ရထားခ ပေးမပေးကို ထည့်ခိုင်းပါလိမ့်မယ်

အကုန်ဖြည့်ပြီးရင် ပင်မ calendar ကို သွားပြီး တော့ မိမိ အလုပ်ဝင်မဲ့ ရက် နဲ့ အချိန် တွေ ကို စပြီး setting ချိန်လို့ ရပါပြီ။

နားချိန် အလုပ်လုပ်ချိန် အကုန်လုံးကို တစ်ခုချင်း ထောက်ပြီး အသေးစိတ် စိတ်ကြိုက်ပြန်ပြင်လို့ ရပါတယ်။

အခုလိုလေး ထည့်ထားတော့ မိမိ ရဲ့ နောက်လ ထွက်မဲ့ လစာနဲ့ အလုပ် ချိန် ကျော်နေ ပြီးလား။ လိုသေးလားဆိုတာ ကို အသေးစိတ် သိနိုင်ပါတယ်။

နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။

Application ရယူရန် ဒီနေရာကို နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လုပ်ငန်းခွင်

ဂျပန့်စားသုံးသူစျေးနှုန်းတွေဟာ ဧပြီလမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်း

ဂျပန့်စားသုံးသူစျေးနှုန်းအညွှန်းကိန်းဟာ ဧပြီလမှာ ပြီးခဲ့တဲ့နှစ်ကထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉လဆက်တိုက် ကျဆင်းခဲ့ပါတယ်။ အစိုးရရဲ့ တိုက်တွန်းချက်အရ ဖုန်းကုမ္ပဏီတွေဟာ စျေးနှုန်းသက်သာတဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှု အစီအစဉ်တွေကို စတင်ရောင်းချတာဟာ အခုလို အညွှန်းကိန်းကျဆင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆက်သွယ်ရေး ဝန်ဆောင်ခတွေဟာ ၂၆.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဝန်ဆောင်ခတွေကို နှိုင်းယှဥ် လေ့လာတဲ့ အချက်အလက်ဒေတာတွေ ၂၀၀၁ခုနှစ်က စတင် ကောက်ယူ ခဲ့ပြီးနောက်ပိုင်း အများဆုံး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဝန်ဆောင်ခ ကျဆင်း တာဟာ စားသုံးသူစျေးနှုန်းတွေကို ခဏလောက်ဆက်ပြီး ကျဆင်း စေနိုင်ဖွယ်ရှိတယ်လို့ အဲဒီဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။ရေနံစိမ်းစျေးနှုန်းတက်တာကြောင့် ဓာတ်ဆီစျေး ၁၃.၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ တည်းခိုစရိတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ဧပြီလက အကြီးအကျယ်ကျဆင်းခဲ့ရာကနေ […]

Read More
လုပ်ငန်းခွင်

Japanese Paid Holiday-Vacation

လစာမဖြတ်ပဲ ရရှိမဲ့ခွင့်ရက်ဆိုတာ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအထိ အလုပ်လုပ်တဲ့ ဝန်ထမ်းကို ဂျပန်နိုင်ငံမှာရှိတဲ့အလုပ်သမားဥပဒေအရ လစာမဖြတ်ခွင့်ရက်ပေးရပါတယ်။ဒီလစာမဖြတ်တဲ့ခွင့်ရက်ဆိုတာ ထရိန်နင်အလုပ်သင်သား၊ကုမ္ပဏီဝန်ထမ်းတို့အတွက်တော့မဖြစ်မနေရရှိတဲ့ ခွင့်ရက်ဖြစ်ပြီး အချို့သောအချိန်ပိုင်းအလုပ်တွေမှာလည်း လစာမဖြတ်ခွင့်ရက်ရပါတယ်။

Read More
လုပ်ငန်းခွင် အထောက်အကူ

ထရိန်နင်ဗီဇာနဲ့ဂျပန်ကိုလာမယ်ဆိုရင်

လုပ်ကိုင်ရမဲ့အလုပ်အမျိုးအစားအလိုက် ဘာတွေကိုဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာကို စာတွေ့လေ့ကျင့်ခြင်း၊ မိမိလုပ်ကိုင်မယ့်အလုပ်အတွက်စနစ်တကျလေ့လာခဲ့ခြင်းနဲ့မြန်မာပြည်မှာရှိကတည်းကဂျပန်မှာလုပ်ရမယ့်အလုပ်ရဲ့စည်းကမ်းများကိုစနစ်တကျသိထားဖို့လိုအပ်ပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်